Saturday, August 11, 2012
အလွမ်းများနဲ့အကျွမ်းတ၀င်
လေနှင်ရာလွင့်ခဲ့တယ်
နင့်ဆံနွယ်တွေ မပါတော့ဘူး
တခါက ကိုယ်သင်းရနံ့တွေဟာ
စိမ်းမြမြ ရှတတဖြစ်ခဲ့ ....
ကိုယ့်ရေချိန်ကိုယ်ပြန်တိုင်းတဲ့အခါ
တာလီချိုးရင်း .. တရေးနိုးခဲ့တယ်။
မိုးရေ .....
ငါ့လမ်းတွေကို ဆေးမပစ်လိုက်ပါနဲ့
သူမ ခြေဆောင့်ခဲ့တဲ့နေရာတွေမှာ
ငါ့ ခွင့်လွှတ်ခြင်းတွေ ထင်ကျန်နေသေးတယ် ....
တချိန်ချိန် .....
သူလိုအပ်လာတဲ့အခါ
လာယူဖို့ ထားပေးပါ။
တစ်နေ့ ... တစ်နေ့နဲ့
ဆယ့်နှစ်ရာသီစက်ဝန်းတစ်ခုလုံးမှာ
နက္ခတ်တွေ ဖွာလန်ကြဲတဲ့အထိ
ငါ ... အံတင်းတင်းကြိတ်ထားမိတယ်။
စိတ်မနာတတ်တဲ့ ငါ့လိပ်ပြာအတွက်
ရွှေရောင်ဖိတ်စာတစ်စောင်ရဲ့ လှောင်သံက
ခြောက်ကပ်ကပ် ပဲ့တင်ထပ်နေရဲ့
ဘာမှမကျန်တော့ဘူး
ခွင့်လွှတ်ခြင်းကလွဲလို့
အရာရာ သေဆုံး ...
ငါ့တို့ရဲ့ နိဂုံးဟာလည်း
တုံးတိတိနဲ့ လွမ်းရတော့မယ် ..... ။ ။
မိုးစက်နီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment