ဘ၀ခါးထဲကပျားရည်စက်များ(သို့မဟုတ်) သူငယ်ချင်းတွေ
တစ်နေ့တနေ့နဲ့ အသက်တွေကြီးလာတာနဲ့အမျှ
ဘာတွေများစုမိဆောင်းမိရှိခဲ့လဲလို့ စဉ်းစားမိတော့
ကျနော့်ဘ၀မှာ အခုထက်ထိရှိနေရစ်တာဆိုလို့
သူငယ်ချင်းတွေပဲရှိပါလားလို့ နားလည်လာခဲ့မိပါတယ်။
သူငယ်ချင်းဆိုတာ
ဘယ်တော့မှ လွင့်ပျောက်ပြယ်သွားခြင်းမရှိတဲ့ တောင်တန်းကြီးတွေ
ဘယ်တော့မှ အငွေ့ပြန်ပျောက်ပျက်မသွားတဲ့ နှလုံးသားရဲ့ဓာတ်ပုံတွေ
ဘယ်တော့မှ မေ့လျော့သွားခြင်းမရှိတဲ့ ခရီးနှင်နေတဲ့အတိတ်တွေ
ပြီးတော့ ဘ၀တစ်ခုလုံးရဲ့ လွမ်းမောစရာအကောင်းဆုံးသောအချိန်တွေလည်းဖြစ်တယ်။
ဘ၀ရဲ့ ဆုံးရှုံမှုတွေကြားက ကဲ့ရဲ့ပြစ်တင်သံတွေ .......
အောင်မြင်မှုတွေကြားက ချီမွမ်းလက်ခုပ်သံတွေဟာလည်း
အခုချိန်မှာ ပြန်စဉ်းစားမိလိုက်တော့
သူငယ်ချင်းဘ၀ရဲ့ ရယ်မောသံတွေ၊ ငိုကြွေးသံတွေလောက် ......
မလတ်ဆတ်တော့တာ သိလာရတယ်။
ဘယ်မှာလဲ ........သူငယ်ချင်းတို့ရယ် .........
အားလုံးကိုလွမ်းနေမိပါတယ်။
အရာအားလုံးကို စွန့်လွှတ်ရတော့မယ်ဆိုရင်တောင်
မင်းတို့အားလုံးနဲ့ ခင်မင်ဖူးတဲ့အတိတ်ကို
ငါ ........ မက်မောတွယ်ဖက်ထားဦးမှာပါ။
နာကျင်စရာတွေ၊ ဒဏ်ရာတွေပြည့်နှက်နေတဲ့
ခါးသီးလှတဲ့ ငါ့ဘ၀မှာ မင်းတို့အားလုံးဟာ
ပျားရည်စက်တွေပါကွာ ...........။
ကိုပွီး၊ အိမ်မြှောင်၊ ညီမငယ်ကော့ကော့၊ ထန်သောင်၊ မုန်လေးနှင့်အတူ
( မိုးစက်နီနှင့် ခင်မင်ခဲ့ဖူးသောသူငယ်ချင်းတိုင်းသို့အမှတ်တရ )
Subscribe to:
Posts (Atom)