တပ်မတော်အစိုးရရဲ့ သဘောထားမှန် (၀ုတ်. ၀ုတ်. ဂိန်)
ကဲ.... ရွေးကောက်ပွဲအတွက်ပါတီဥပဒေထွက်လာတယ်ဆိုရင်ပဲ
ကျနော်တို့ထင်ထားတဲ့အတိုင်း အမေစုကို အောက်လမ်းနည်းနဲ့
တိုက်ခိုက်ပြီဆိုတာ ထင်းထင်းကြီးကိုပေါ်လာပါပြီ။
တကယ်တော့ စစ်အစိုးရကို ဦးဆောင်နေတဲ့ ဗိုလ်မဲလုံးဟာ
နိုင်ငံရေးနဲ့ပတ်သက်လာရင် တကယ့်ကိုရွှေဥာဏ်တော်စူးရောက်တဲ့သူပါ။
ဘယ်လောက်ထိတောင် ဥာဏ်ပညာတွေထက်မြက်သလဲဆိုရင်
လပြည့်၊ လကွယ်မရွေး သူ့ရဲ့ခေါင်းကနေ အရောင်(၂)မျိုးကွန့်မြူးနေတယ်ဆိုပဲ။
( မှတ်ချက်။ ။ အရောင်စုံမဟုတ်ကြောင်းသတိချပ်စေလိုပါသည်။ အနီနှင့် အနက်သာ။ )
အခုလည်းကြည့်လေ...... ရွေးကောက်ပွဲဥပဒေကို ဖုတ်ပူမီးတိုက်ထုတ်တဲ့အပြင်
ကလိမ်စေ့ငြမ်းဆင်ပြီး ပြည်သူလူထုကိုလည်း နားလှည့်ပါးရိုက်ထားသေးတယ်။
တကယ်တော့ ဗိုလ်မဲလုံးမှမဟုတ်ပါဘူး။ စစ်အစိုးရရဲ့ ခေါင်းဆောင်ပိုင်းအကုန်လုံးက
NLDကိုရော၊ အမေစုကိုပါ စင်ပေါ်တက်ပြီး ယှဉ်မထိုးရဲဘူး။
အဲဒါတွေကြောင့် အခုလို အောက်လမ်းနည်းတွေသုံးလိုက်၊ ချောင်းရိုက်လိုက်နဲ့
နိုင်ငံရဲ့ ခေါင်းဆောင်မှုပိုင်းကို ခွေးတိုးပေါက်ကနေ၀င်လိုက်၊ ထွက်လိုက်နဲ့
တည်တံ့အောင်ကြိုးပမ်းနေကြတာပေါ့။
မိုးစက်နီက နိုင်ငံရေးကိုတယ်လဲ စိတ်ဝင်တစားမရှိလှပေမယ့်
နအဖ ( နိုင်ငံ့အကြမ်းဖက် )အစိုးရရဲ့ မျက်လှည့်တွေ၊ အောက်လမ်းတွေကို
မြင်ရကြားရပါများလာရင်းက ၀င်ပါမိနေတာပါ။
အင်း ...... ရွေးကောက်ပွဲမှာ တကယ့်အရည်အချင်းနဲ့ သူတွေမပါဘဲ
နိုင်ငံတော်ရဲ့ အာဏာကို တပ်မတော်အစိုးရနည်းတူ
မလွှဲသာလို့ ခွေးတိုးပေါက်ကနေတာဝန်ယူခဲ့ရတာပါဆိုတဲ့ လေသံတွေကို
ကျနော်တော့ ကြိုတင်ကြားယောင်မိပါတယ်။
( တေဇတို့၊ ဇော်ဇော်တို့တော့ အမတ်ဖြစ်လာမလား။
ဝန်ကြီးတွေဖြစ်လာမလားပဲ ။ )
Subscribe to:
Posts (Atom)