Monday, April 23, 2012

သစ်ခြောက်ပင်



ငါဟာ ......
ဘာမှမဟုတ်တဲ့ကောင်လေးတစ်ယောက်ပါကွယ်
လေနီကြမ်း ... ရမ်းတဲ့အခိုက်မှာ
ချစ်သူရဲ့လက်တစ်ဘက်က
ငါ့လက်မောင်းကို ဆုပ်ကိုင်လိုက်တယ်ဆိုတဲ့ အသိ
အားကိုးတဲ့အကြည့်တစ်ချက်ကြောင့်
မိုးမမြင် … လေမမြင်ထိအောင်
အောက်ခြေလွတ်ဖူးတယ် …. ။

နင် … ဘာဖြစ်လို့ အဲဒီလောက် .. အ ..ရတာလဲ ….. တဲ့
ချစ်သူရဲ့အငိုဒေါသတွေကြားမှာ
ငါဟာ ထီမထင်မျက်နှာပေးနဲ့
သူရဲကောင်းတစ်ယောက်ရဲ့အိမ်အပြန်လို
ဒဏ်ရာအနတရတွေကို
မက်မက်မောမောဂုဏ်ယူခဲ့ဖူးတယ် ….. ။

ဇာတ်သိမ်းခန်းလှချင်တာနဲ့ပဲ
အတင်းကာရော
ရင်ဖွင့်ရလောက်အောင်
ငါဟာ …. သတ္တိမရှိခဲ့ရုံလေးနဲ့ပဲ
အခု …. ကမ္ဘာပြိုစေတဲ့မိုးကြားမှာ
လွမ်းရဲ … ဆွေးရဲလာရတယ် …. ။

“ မတူညီတဲ့နောက်တော့ မပေါင်းစပ်ကြရုံပေါ့ ”
သဘာဝဆန်ချင်တာကလွဲလို့
ငါ့အတွက်  ......
နင် ....ထည့်မတွေးခဲ့တဲ့နောက်တော့
မိုးရွာရွာ … နေပူပူ
(ငါ့အတွက်တော့ ….. )
အရိပ်တခုအတွက်
တိုင်ထူမနေတော့ပါဘူးကွယ် …. ။           ။

မိုးစက်နီ

No comments:

Post a Comment