
ဘာကိုမှ
မလိုချင်တတ်တော့ပါဘူး
ပရမတ္တတွေကြားမှာ
အနတ္တတွေကိုအယုတ်ထင်ပြီး
ဆေးစက်ကျရာ
အရုပ်မြင်ချင်ခဲ့တယ်။
ဘာ့အတွက်များ
ငါ ..... လူဖြစ်မှားခဲ့တာလဲ
မီးမမှန်၊ ရေမသန့်
လူမလေး၊ ခွေးမခန့်တိုင်းပြည်မှာ
အဖေနဲ့အမေ၊ နှစ်ဘက်သောအဖိုးအဖွား
ဘာ့ကြောင့်များ ညားရတာလဲဗျာ.......
အာ ......
နားထဲမှာ ထော်လော်
အတော့်ကို မတော်မရော်စကား
ကျနော့်ဖြင့် ခါးလိုက်တာ
" သမိုင်းပေးလို့ ဒို့တပ်မတော်
တာဝန်ယူခဲ့ရတာပါ ..... " ဆိုပဲ
အဲဒီ သမိုင်းဆိုတာ
ဘယ်ကောင်လဲကွ .... ဟေ
မုန်းတယ် ..... သေအောင်ကိုမုန်းတယ်
နင်နဲ့ပတ်သက်သမျှကိုမုန်းတယ်
မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်း
သမိုင်းမှန်သမျှကို မုန်းတယ်
ဘယ်ကောင်လဲကွာ .......
သိလို့ကတော့ .........
( စိတ်နာနာနဲ့ လျှောက်ရေးထားတာပါဗျာ။ )
No comments:
Post a Comment