
ဘာရယ်ကြောင့်များလဲဟာ
ပင်လယ်ဖြစ်ခဲ့တာတောင်
ကမ်းနဲ့မဆုံခဲ့ရတဲ့ကောင် ......
တောင်ဖြစ်ပါလျက်ကယ်နဲ့
တိမ်တွေကို မနမ်းရှိုက်ခဲ့ရ .....
ဘူတာမဆိုက်ရတဲ့ရထား
ကမ်းမကပ်ရတဲ့လှေ
လျှပ်စစ်နွေထဲမှာမှ
ရွက်နုတွေဝေခဲ့ချင်သူ ......
အရာအားလုံးကိုက
တာမထွက်ခင်ကတည်းက
လမ်းမှားခဲ့တာပါ ။
မေ့လိုက်ပါတော့ဟာ
တိမ်တွေကို မြိုချပြီးပဲ
သက်တန့်တွေ မှုတ်ထုတ်နေတော့မယ်
ကျေးဇူးပြုပြီး .......
စံပယ်ရုံတွေမပွင့်ကြပါနဲ့
ငါတို့ရဲ့မျက်ရည်ချင်း
မြေပေါ်မှာ မဆုံမှာစိုးတယ် ........။ ။
No comments:
Post a Comment