Saturday, May 26, 2012
ရင်ကွဲသစ္စာ
တကယ်ပါ ......
ငါဟာ ဆိုင်းကြိုးမကြိုက်တဲ့စက္ကူစွန်
ချုပ်ချယ်တာမကြိုက်တတ်တဲ့တိမ်တစ
အလေ့တကျမရှိရတာကိုကြိုက်တတ်ခဲ့သူ ......
Thursday, May 24, 2012
ကျနော်ချစ်သော ရွှေဘုန်းလူ၏ကဗျာများစုစည်းမှု
ဤညကို ငါ ဖြတ်ကူးအံ့
အိပ်မက်ဦး၌
ဘီလူးကြမ်းတို့ စောင့်လိုကစောင့်စေ ။ ။
(တာရာမင်းဝေ - ပန်းခေတ်ကလမင်းမှ )
Tuesday, May 22, 2012
အမှောင်ထုထဲက အလင်းသစ္စာ
နံနက်လင်းတာတောင်
တိမ်တွေမှောင်ခဲ့တဲ့ဘဝ
လေးဘက်လေးတန်အမှောင်ထုကြားမှာ
ငါတို့တွေ ဝေး၀ါးစွာအသက်ရှင်ခဲ့ ....... ။
Friday, May 18, 2012
ကြယ်ချွေမိုး
Thursday, May 17, 2012
Saturday, May 12, 2012
ကျနော်နှင့်ပြက်လုံးများ
(၁) ချစ်သူပြောသော ဆောင်းပုံပြင်
ကျနော်က ချစ်သူကို မေးကြည့်ပါတယ်။
တကယ်လို့များ အတိတ်မေ့သွားခဲ့ရင် ဘယ်လိုလုပ်မလဲ ။ ကိုယ့်ကိုချစ်ပါဦးမလား လို့ ။
ချစ်သူက ပြုံးပြုံးလေးဖြေတယ်။
အတိတ်မေ့သွားခဲ့ရင်တောင် ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ ကိုယ့်ကိုချစ်မှာပေါ့ .... တဲ့ ။
Tuesday, May 8, 2012
ကျနော်နှင့် မဖြစ်ညစ်ကျယ်စိတ်ကူးများ
အချစ်
တကယ်တော့ အချစ်ဆိုတာ ပြဋ္ဌာန်းချက်မဲ့တဲ့ ဥပဒေသတွေနဲ့ ကစားရတဲ့ ပြိုင်ပွဲတစ်ခုပါပဲ ။
တခါတလေကျတော့ ခင်ဗျားသိပ်ကောင်းပေမယ့် ပွဲကထွက်ရတယ် ။
တခါတလေကျတော့လည်း ခင်ဗျားကိုယ်ခင်ဗျား မကြေနပ်နိုင်လောက်အောင် ညံ့ဖျင်းတယ်လို့ သတ်မှတ်မိတာတောင်မှ အကောင်းဆုံးလို့ အနိုင်ပေးခံရရင် ခံရတတ်တယ် ။
ဘဝ
ဘ၀ဆိုတာ ဘယ်လိုအရောင်တွေနဲ့ စပ်ဟပ်ထားတဲ့ပန်းချီကားပါလဲ ။
ဗန်ဂိုးကတော့ ဘ၀ခါးတွေကို စုတ်ချက်တင်ရင်း အပြာရောင်ခေတ်ကို တည်ထောင်ခဲ့တယ် ။
အရောင်မွဲတွေ ... အရောင်မှိုင်းတွေဆီမှာ သူမတူတဲ့ ခမ်းနားလျှို့ဝှက်မှုတွေရှိတယ် ။
လူနှင့်အလုပ်
မိုးရွာလို့တဲ့ .... အဲဒီနေ့က ကျနော်နဲ့ချိန်းထားတဲ့သူ ရောက်မလာခဲ့ဘူး။
မိုးက သူ့အလုပ်သူလုပ်တာတောင် ကျနော်တို့က ကိုယ့်အလုပ်ကိုယ်မလုပ်ကြဘူး ။
လူတွေဟာ သဘာဝတရားရဲ့သက်မဲ့တွေလောက်တောင် အလုပ်အပေါ်သစ္စာမရှိကြပါလားနော် ။
လူနှင့်လိပ်ပြာလုံစိတ်
ရေလိုက်ငါးလိုက်အသက်ရှင်ရင်း နားလည်မှုတွေ၊ အပေးအယူတွေနဲ့
မိုးခါးရေအတူ သောက်နေကြရသူတွေ အချင်းချင်း တစ်ယောက်ကိုတစ်ယောက်
ချီးမွမ်းခန်းဖွင့်ကြတဲ့ နှုတ်ခမ်းတွေနဲ့ နမ်းတာကို ခံရတာထက်
သူတို့ တံတွေးကွက်မှာ ပက်လက်မျှောလိုက်ရတာကို ပိုပြီး လိပ်ပြာသန့်တယ် ။
စိတ်အချဉ်ပေါက်ခြင်း
စိတ်နာတယ်လို့ တချို့က ပြောကြတယ်။ ကျနော်ကတော့ လူတွေကို စိတ်မနာတတ်ပါဘူး။
စိတ်ပဲ ကုန်တတ်တယ်။ အဲဒီလို စိတ်ကုန်သွားတဲ့နောက် အဲဒီလူနဲ့ပတ်သက်ရင် ဘာခံစားချက်မှကို မရှိတော့ဘူး။ အားလုံး ကုန်သွားပြီ ။
လူရာဝင်ခြင်း
တချို့ကပြောကြပါတယ်။
ပညာတတ်မှ လူရာဝင်မယ်၊ ငွေရှိမှ လူရာဝင်မယ်၊ ဂုဏ်ရှိမှ လူရာဝင်တယ် .... တဲ့။
ဘ၀မှာ လူရာဝင်တယ်၊ မ၀င်ဘူးဆိုတာ အဲဒီအရာတွေနဲ့ မဆိုင်ဘဲ
လူတွေကို ခင်ဗျားဘယ်လိုမြင်တယ်၊ ဘယ်လိုဆက်ဆံတတ်တယ်ဆိုတဲ့အချက်က
ခင်ဗျားကို လူရာဝင်တယ်၊ မ၀င်ဘူးဆုံးဖြတ်ပေးလိမ့်မယ်။
လူကို လူလို မြင်ရင် ခင်ဗျား လူရာဝင်ပါလိမ့်မယ်။
လူကို လူလို မမြင်ရင် ခင်ဗျား လူရာမ၀င်ဘူးပေါ့။
Saturday, May 5, 2012
လူအ
ပုပ်အဲ့တာရယ်
စုတ်ပဲ့တာရယ်ပဲကြုံရတယ် ။
ဘ၀ဆိုတာ
လမိုက်ညဆိုရင်
အဲဒီအရပ်မှာ
မီးပျက်တယ် ...... ။
တခါတလေတော့လည်း
ပတ်ဝန်းကျင်ရဲ့လက်စမ်းသံတွေကြားမှာ
ကွေးနေအောင် က .. ရင်း
ငအ ... ဆိုတဲ့ နံမည်တစ်လုံး
ငါရဖူးတယ် ။
ကံဆိုးမသွားရာ
မိုးလိုက်ရွာတယ် .... တဲ့လား
ဒီကောင်သွားလေရမှာတော့
စနေမိုး ... မစဲအောင်ကို ပြိုတယ် ။
အဟမ်း ....
လူ့ဘ၀ဆိုတာ .....
ဘာ ... ညာနဲ့
လည်ချောင်းသံပေးပြီးလည်း
မရှင်းပြတတ်တော့ဘူး ... ...
ငါသိသလောက်ကတော့
လူ့ဘ၀ဆိုတာ
ဝိုင်နံ့သင်းနေတဲ့ လောင်မီးတစ်ခွက်ပဲ ။
အမှန်တရားကို
မြတ်နိုးပါတယ်ဆိုတဲ့သူတွေနဲ့ရောပြီး
ရေလိုက်ငါးလိုက်တွေပြော
မှန်လိုက်တာလို့ ...
(မဟုတ်မှန်းသိသိနဲ့ )
ရောမချတတ်တဲ့အခါ
ငါဟာ .....
အဆိုးမြင်သမားလို့ အမည်တွင်လာတယ် ။
ဘာပဲပြောပြော
အညှီအဟောက်နှုတ်ခမ်းတွေနဲ့
ချီးကျူးခံရတာထက်စာရင်
သူတို့တံတွေးခွက်မှာ
ပက်လက်မျောလိုက်ရတာက
ငါ ... ပိုစိတ်သန့်တယ် ။ ။
မိုးစက်နီ
စုတ်ပဲ့တာရယ်ပဲကြုံရတယ် ။
ဘ၀ဆိုတာ
လမိုက်ညဆိုရင်
အဲဒီအရပ်မှာ
မီးပျက်တယ် ...... ။
တခါတလေတော့လည်း
ပတ်ဝန်းကျင်ရဲ့လက်စမ်းသံတွေကြားမှာ
ကွေးနေအောင် က .. ရင်း
ငအ ... ဆိုတဲ့ နံမည်တစ်လုံး
ငါရဖူးတယ် ။
ကံဆိုးမသွားရာ
မိုးလိုက်ရွာတယ် .... တဲ့လား
ဒီကောင်သွားလေရမှာတော့
စနေမိုး ... မစဲအောင်ကို ပြိုတယ် ။
အဟမ်း ....
လူ့ဘ၀ဆိုတာ .....
ဘာ ... ညာနဲ့
လည်ချောင်းသံပေးပြီးလည်း
မရှင်းပြတတ်တော့ဘူး ... ...
ငါသိသလောက်ကတော့
လူ့ဘ၀ဆိုတာ
ဝိုင်နံ့သင်းနေတဲ့ လောင်မီးတစ်ခွက်ပဲ ။
အမှန်တရားကို
မြတ်နိုးပါတယ်ဆိုတဲ့သူတွေနဲ့ရောပြီး
ရေလိုက်ငါးလိုက်တွေပြော
မှန်လိုက်တာလို့ ...
(မဟုတ်မှန်းသိသိနဲ့ )
ရောမချတတ်တဲ့အခါ
ငါဟာ .....
အဆိုးမြင်သမားလို့ အမည်တွင်လာတယ် ။
ဘာပဲပြောပြော
အညှီအဟောက်နှုတ်ခမ်းတွေနဲ့
ချီးကျူးခံရတာထက်စာရင်
သူတို့တံတွေးခွက်မှာ
ပက်လက်မျောလိုက်ရတာက
ငါ ... ပိုစိတ်သန့်တယ် ။ ။
မိုးစက်နီ
Friday, May 4, 2012
သူတို့စကား
အကောင်း၊ အဆိုးခွဲတတ်တဲ့အသိစိတ်ကို ဆန့်ကျင်ပြီး ဘာတစ်ခုမှ မလုပ်လေနဲ့။ နိုင်ငံတော်အစိုးရက တောင်းဆိုခိုင်းစေရင်တောင် မလုပ်လေနဲ့ ။
" အိုင်းစတိုင်းကို ဆန့်ကျင်သည့် စာရေးဆရာတစ်ရာ" ဟူသည့် စာအုပ်တစ်အုပ်ကို နာဇီတို့က ပုံနှိပ်ထုတ်ဝေလိုက်သည်ကို အိုင်းစတိုင်း၏တုံ့ပြန်စကား
တတိယကမ္ဘာစစ်ကြီးကို ဘယ်လိုဘယ်ပုံတိုက်ခိုက်ကြမယ်ဆိုတာ ကျနော်မသိဘူး။ ဒါပေမယ့် ကျနော်သေချာပေါက်သိတာတစ်ခုကတော့- စတုတ္ထကမ္ဘာစစ်ကျရင် လူသားတွေဟာ တုတ်တွေ၊ ခဲလုံးတွေနဲ့ တိုက်ခိုက်ကြမယ် ဆိုတာပဲ။
အခြားသူများအတွက် ရှင်သန်နေထိုင်ပေးရသော ဘ၀တစ်ခုသာလျှင် လူဖြစ်ကျိုးအနပ်ဆုံး အထိုက်တန်ဆုံးဘ၀တစ်ခု ဖြစ်ပေသည်။
အဲလ်ဘတ်အိုင်းစတိုင်း (မတ် ၁၄၊ ၁၈၇၉ - ဧပြီ ၁၈၊ ၁၉၅၅)
Labels:
မှတ်မှတ်သားသား သူတို့စကား
Subscribe to:
Posts (Atom)