Tuesday, May 22, 2012

အမှောင်ထုထဲက အလင်းသစ္စာ



နံနက်လင်းတာတောင်
တိမ်တွေမှောင်ခဲ့တဲ့ဘဝ
လေးဘက်လေးတန်အမှောင်ထုကြားမှာ
ငါတို့တွေ ဝေး၀ါးစွာအသက်ရှင်ခဲ့ ....... ။


ကျားကစားတော့လည်း
အမှောင်ချထား ......
ဘောလုံးကစားတော့လည်း
အမှောင်ချထား ......
စာဖတ်စာအံ
ပညာသင်မည်ဆိုတော့လည်း
အမှောင်ချထား .......
မီးကျိုးမောင်းပျက်ဆယ်စုနှစ်တွေဟာ
မြန်မာပြည်မှာ မှောင်ကောင်းခဲ့တယ် ။

ရောင်နီဟုအညာခံခဲ့ရသော
ငါတို့၏နှစ်ကာလများစွာအားမသိကျိုးကျွံမုသားများဖြင့်
ဆက်၍အမှောင်ချမထားပါနှင့် ။

ကျွန်ုပ်တို့၏လက် .....
ကျွန်ုပ်တို့၏ နှလုံးအိမ် .....
ငါတို့၏ လက်ရုံးသွေးများဖြင့်
ရာဇ၀င်မီးတိုင်ကို ထွန်းညှိအံ့
မြန်မာပြည်၏အနာဂတ်များစွာတို့အတွက်
သုံးရာသီအလင်းတစ်ခုကို
ငါတို့ဆောင်ကြဉ်းကြမည် ...... ။

ငါတို့၏မျိုးဆက်များသည်
ငါတို့ကဲ့သို့ပင်
အမှောင်ချမခံစေရ ..... ။

မိုးစက်နီ
(မြန်မာပြည်မှာ ရောင်နီလင်းပါစေ ... )



No comments:

Post a Comment