(၁) ချစ်သူပြောသော ဆောင်းပုံပြင်
ကျနော်က ချစ်သူကို မေးကြည့်ပါတယ်။
တကယ်လို့များ အတိတ်မေ့သွားခဲ့ရင် ဘယ်လိုလုပ်မလဲ ။ ကိုယ့်ကိုချစ်ပါဦးမလား လို့ ။
ချစ်သူက ပြုံးပြုံးလေးဖြေတယ်။
အတိတ်မေ့သွားခဲ့ရင်တောင် ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ ကိုယ့်ကိုချစ်မှာပေါ့ .... တဲ့ ။
(၂) ယောက်ျားမာန
ကျနော်က ယောက်ျားတန်မဲ့မျက်ရည်ကျတာကို လုံးဝမနှစ်မြို့ တဲ့သူပါ ။
ချစ်သူနဲ့ကွဲတော့ ကျနော်မျက်ရည်မကျခဲ့ဘူး ။
အလွမ်းတွေငွေ့ရည်ဖွဲ့ပြီး မျက်လုံးကျ မိုးရွာတာလောက်ပဲဖြစ်လိုက်တယ် ။
No comments:
Post a Comment