Saturday, May 5, 2012

လူအ

ပုပ်အဲ့တာရယ်
စုတ်ပဲ့တာရယ်ပဲကြုံရတယ် ။

ဘ၀ဆိုတာ
လမိုက်ညဆိုရင်
အဲဒီအရပ်မှာ
မီးပျက်တယ် ...... ။

တခါတလေတော့လည်း
ပတ်ဝန်းကျင်ရဲ့လက်စမ်းသံတွေကြားမှာ
ကွေးနေအောင် က .. ရင်း
ငအ ... ဆိုတဲ့ နံမည်တစ်လုံး
ငါရဖူးတယ် ။

ကံဆိုးမသွားရာ
မိုးလိုက်ရွာတယ် .... တဲ့လား
ဒီကောင်သွားလေရမှာတော့
စနေမိုး ... မစဲအောင်ကို ပြိုတယ် ။

အဟမ်း ....
လူ့ဘ၀ဆိုတာ .....
ဘာ ... ညာနဲ့
လည်ချောင်းသံပေးပြီးလည်း
မရှင်းပြတတ်တော့ဘူး ... ...
ငါသိသလောက်ကတော့
လူ့ဘ၀ဆိုတာ
ဝိုင်နံ့သင်းနေတဲ့ လောင်မီးတစ်ခွက်ပဲ ။

အမှန်တရားကို
မြတ်နိုးပါတယ်ဆိုတဲ့သူတွေနဲ့ရောပြီး
ရေလိုက်ငါးလိုက်တွေပြော
မှန်လိုက်တာလို့ ...
(မဟုတ်မှန်းသိသိနဲ့ )
ရောမချတတ်တဲ့အခါ
ငါဟာ .....
အဆိုးမြင်သမားလို့ အမည်တွင်လာတယ် ။

ဘာပဲပြောပြော
အညှီအဟောက်နှုတ်ခမ်းတွေနဲ့
ချီးကျူးခံရတာထက်စာရင်
သူတို့တံတွေးခွက်မှာ
ပက်လက်မျောလိုက်ရတာက
ငါ ... ပိုစိတ်သန့်တယ် ။            ။


မိုးစက်နီ




No comments:

Post a Comment